တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားသုံးသပ်ချက်

( Zawgyi )
ထုတ်လုပ်ရေး - Big5 Film Production
ဇာတ်လမ်း၊ ဇာတ်ညွှန်း - မိုးနီလွင်
ဒါရိုက်တာ - စင်ယော်မောင်မောင်
#ထုတ်လုပ်ရေး - သိပ်ကိုချစ်စရာကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ ။ မတူညီတဲ့နေရာဒေသတွေ ၊
နိုင်ငံခြားထိလည်း သွားရောက်ရိုက်ကူးထားတာတွေ့ရသလို ကိုယ့်တိုင်းပြည်က လူမျိုးတစ်မျိုး ၊ ဒေသတစ်ခုရဲ့ယဉ်ကျေးမှုလေးတွေကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ သေသေသပ်သပ် ငွေကုန်ကြေးကျ တော်တော်လေးခံပြီး ထုတ်လုပ်ထားတယ်ဆိုတာ ဇာတ်ကားကိုကြည့်ရတာနဲ့ သိသာပါတယ်။
တကယ်ကို အရည်အသွေးကောင်းပြီး အဆင့်မှီတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုထုတ်လုပ်ခဲ့တာပါပဲ။

#ဇာတ်လမ်း ၊ ဇာတ်ညွှန်း -
၂၀၁၉ ရဲ့ မိုးနီလွင်ရဲ့လက်ရာတွေထဲမှာ ဒဏ္ဍာရီမိုးနဲ့ ဒီ တိမ်တွေပေါ်ကပန်းကိုအကြိုက်ဆုံးပါပဲ။
ဒဏ္ဍာရီမိုးတုန်းကလည်း ကျွန်တော် ၂၁ ရာစုရဲ့ ဒဿ လို့ တပ်နာမည်တပ်ခဲ့မိသလို အခု ဒီ တိမ်တွေပေါ်က ပန်း ဇာတ်ကားကိုလည်း ဇရက်တောင်ပံကျိုးတို့ရဲ့ ပုံပြင်လို့နာမည်တပ်ချင်တယ်။
ဟုတ်တယ်။ ဒီဇာတ်ကားက ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတို့တွေ့ကြတာမဟုတ်ဘူး။
ဇရက်တောင်ပံကျိုးတွေချင်း တွေ့ကြပြီး အချင်းချင်းကူညီဖေးမကြ ၊ မပျံနိုင်တဲ့တစ်ယောက်ကို နည်းနည်းပျံနိုင်သေးတဲ့တစ်ကောင်က ဖေးမပျံသန်းပေးရင်း ဟိုးအမြင့်ဆုံးအောင်ထိ ရောက်အောင် ပျံဖို့ တစ်ယောက်ကိုတစ်ယောက် ပင့်တင်ကြိုးစားကြတာ။
ဒီဇာတ်ကားမှာ မတူညီတဲ့ ဘာသာစကားတွေကိုလည်း ချစ်စရာကောင်းအောင်သုံးနှုန်းပြီး ပြထားသလို ၊ ဘာသာရေးတရားတွေကိုလည်း အခြားဘာသာဝင်တွေကချစ်အောင်ထိ ဖော်ညွှန်းပြထားပါတယ်။
ပြီးတော့ ဒေသတစ်ခုရဲ့ အစားအစာ ၊ အက ၊ ယဉ်ကျေးမှုနဲ့ ဝတ်စားဆင်ယင်မှုလေးတွေကအစ ချစ်စရာကောင်းအောင် ပြည့်ပြည့်စုံစုံကိုဖော်ညွှန်းထားတာမို့ ကျွန်တော် ဒီဇာတ်လမ်းလေးကို ချစ်ပါတယ်။

#အသံဖမ်းနဲ့ နောက်ခံတေးဂီတ -
ဦးစင်ယော်ရဲ့ အရင်လက်ရာတွေမှာ အသံပိုင်းဆိုင်ရာတွေကလည်းအသက်တစ်ခုလိုပါပဲ ။ ပြည့်ပြည့်စုံစုံရှိလွန်းလှပါတယ်။
ဒီဇာတ်ကားဟာလည်း ဒီလိုပါပဲ။ နောက်ခံအသံကိုထည့်တဲ့နေရာမှာ ဟင်းချက်တဲ့ထင်းမီးဖိုက
ထင်းပေါက်တဲ့အသံဖြိုးဖြိုးဖျောက်ဖျောက်လေးတွေကအစ ၊ ကြက်သံလေးတွေကအဆုံး သေချာကိုထည့်ထားသလို ၊ သီချင်းဆိုတဲ့အခါမှာလည်း ပီပီသသ ကြည်ကြည်လင်လင်နဲ့ စိတ်ချမ်းသာစရာကောင်းလွန်းအောင်ကိုနားထောင်ရပါတယ်။
မတူညီတဲ့ဘာသာစကားတွေ ၊ ပြီးတော့ မြန်မာစကားတွေဟာ ဆူူညံပွက်လောရိုက်နေတာတွေ ၊ နွိုက်သံတွေ ဘာဆိုဘာမှမကြားရပဲ ကြည်ကြည်လင်လင်ရှိလွန်းလှသလို။
ဂီတကို အခြေခံထားတဲ့ဇာတ်ကားမို့ နောက်ခံတေးဂီတကလည်း ဓိရာမိုရ်ရဲ့ လက်ရာအတိုင်း ပညာရှင်ပီသလွန်းပါတယ်။
Final Song ကိုဆိုတဲ့အခါမှာ ကျွန်တော် မျက်စိနဲ့ အရသာမခံတော့ဘူး ။ မျက်လုံးကိုမှိတ်ပြီး နားနဲ့ပဲ
နားထောင်ခံစားလိုက်ပါတယ်။
ဒီလိုပဲ ဂီတကိုအခြေခံထားတဲ့ နိုင်ငံခြားကားတစ်ကား Secrect Super Star တုန်းကလည်း မင်းသမီးဆိုတဲ့ သီချင်းကြောင့် ကြက်သီးထတဲ့အထိ ကြိုက်ရပါတယ်။
ဒီဇာတ်ကားရဲ့သီချင်းတွေကတော့ အဲ့ဒီလို သီချင်းပုံစံမျိုးတွေမဟုတ်ဘူး ။ တစ်မျိုးစီ နားထောင်ရတာအရသာရှိလွန်းလှသလို ဆိုတဲ့အဆိုတော် နေနေရဲ့အသံကလည်း တော်တော်လေးကို နားထောင်ရတာ ကောင်းလွန်းပါတယ်။
ဒီဇာတ်ကားရဲ့ နောက်ခံတေးဂီတကိုရော ၊ အသံဖမ်းတာတွေရော ကျွန်တော်ကတော့ ကြိုက်တယ်ဆိုတာထက်ပိုပါတယ်။

#ဒါရိုက္တာ - ပြည့်စုံကောင်းမွန်တဲ့ရုပ်ရှင်တစ်ကားကိုရိုက်ဖို့ဆိုတာ ရုပ်ထွက်လှအောင်ရိုက်တတ်ရုံနဲ့တင်မရပါဘူး။ ဇာတ်လမ်းမှာဖော်ပြထားတဲ့ ဗဟုသုတအကြောင်းအရာတွေကိုလည်း ကိုယ့်မှာရှိတဲ့ဝမ်းစာတွေနဲ့ပိုပြီး ပြည့်အောင်ထပ်မံဖန်တီးနိုင်ရမှာလည်း အရေးကြီးတဲ့အချက်ပါပဲ။
ဦးစင်ယော်က သိပ်ကိုဝမ်းစာပြည့်တဲ့လူတစ်ယောက်ပါပဲ။
ချင်းပြည်နယ်ကို သွားရိုက်တဲ့အခါမှာ ချင်းပြည်နယ်ရဲ့အလှအပတွေ ၊ ရိုးရာယဉ်ကျေးမှုတွေ ၊ အကတွေ ကို ပေါ်အောင် ၊ လှအောင်ရိုက်ပြနိုင်ခဲ့တယ်။
ဒီနှစ်ထဲမှာ Land mark အကောင်းဆုံး ရုပ်ရှင်ပါပဲ။
အက်တာတွေရဲ့ အဝတ်အစားအရောင်တွေ ၊ နောက်ခံအရောင်တွေ ကိုထား သိုပြီး ရိုက်သွားတာတွေဟာလည်း မျက်လုံးထဲမှာ အရောင်အသွေးစုံစုံနဲ့ပါပဲ။ ရေအိုးကိုကအစ လှအောင် သူကရိုက်တာ ။
ဇာတ်ဝင်ခန်းမှာ သုံးသွားတဲ့ Prop တွေကအစ သေသပ်ပြီး လှပပါတယ်။
မင်းသားနဲ့မင်းသမီး လက်ကိုင်ဖို့ ကမ်းတာတွေ ၊ ရင်းနှီးနေပြီလို့ထင်ကာမှ မင်းသားက ရှေ့ကိုနည်းနည်း ဖြည်းဖြည်းချင်းတိုးလိုက်တာနဲ့ မင်းသမီးက ကိုယ်လေးရွံ့သွားတာတွေ ဒါတွေကို လှလှပပ ရိုက်ပြနိုင်ခဲ့သလို ကျော်ထက်အောင် ( ထန်း ) ရဲ့ စိတ်နေစိတ်ထားနဲ့ မျက်နှာထားလေးတွေကို အက်တာက လုပ်တိုင်း မိအောင်ကိုလှလှပပ ရိုက်ကူးနိုင်ခဲ့တယ်။
ဝမ်းစာပြည့်လွန်းလှပါတယ်။ အရုပ်တွေရဲ့လှပမှု ၊ အသံတွေရဲ့ကောင်းမွန်မှုဟာ အရင်စင်ယော်လက်ရာတွေထက်ကို ပိုပြီး ပြည့်စုံတယ် ။ ကိုယ့်ကိုကိုယ် Upgrad ဖြစ်အောင်လုပ်တယ်ဆိုတာ သိသာပါတယ်။
ဘယ်အရာမှ ၊ အက်တာတွေရဲ့ သရုပ်ဆောင်မှုတွေကအစ အိုဗာဆိုတာတွေ မဖြစ်ခဲ့ပါဘူး။

မေသန်းနုက မေသန်းနုပါပဲ ။ ဒီနေရာမှာ ပါရတဲ့အခန်းက နည်းလွန်းပါတယ်။ အဲ့ဒီနည်းနည်းလေးကိုခပ်အေးအေး ငြိမ်ငြိမ်လေးတွေနဲ့ပဲလုပ်သွားတာ။ ကိုယ်မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံရပြန်တော့လည်း ဘုရားဆွဲကြိုးလေးကို ဆုပ်ကိုင်လိုက်ပြီး ဘုရားကို တလိုက်တာ ၊ ဘာဒိုင်ယာလော့ခ်မှ မပြောဘူး။
ဒီအတိုင်းရပ်နေရင်းနဲ့ကိုမှ အိုက်တင်ကို ထိထိမိမိလုပ်သွားတာပါပဲ။

#Ryu Sang Wook
တောင်ကိုးရီးယားရဲ့ ထိပ်တန်းသရုပ်ဆောင်ကောင်းတစ်ယောက်မို့ သူ့ရဲ့အိုက်တင်တွေကလည်း ဒီဇာတ်ကားမှာ ခပ်ပါးပါးလေးတွေနဲ့ပဲ လုပ်သွားပြီး ကြည့်နေတဲ့ပရိသတ်ကို တမြေ့မြေ့နဲ့ ခံစားရအောင်ကို လုပ်သွားခဲ့တာပါပဲ။
သူ့ကြောင့် စိတ်ကြည်နူးမှုလေးတွေဖြစ်ရတယ် ၊ ဒီလိုပဲ သူ့ကြောင့်ပဲ စိတ်မကောင်းမှုတွေ ၊ စိတ်မချမ်းမြေ့မှုလေးတွေဖြစ်ရပြန်တယ်။
တကယ်ကို သရုပ်ဆောင်ကောင်းတစ်ယောက်ပါပဲ။

# ကျော်ထက်အောင်
( နင်သီချင်ဆိုလိုက်တိုင်း ငါ တိမ်တွေပေါ်ကိုရောက်သွားတာပဲ .… ကောင်းကင်ပေါ်မှာ ငါတစ်ယောက်ထဲ.…)
ဒီဇာတ်ကားမှာ အကြိုက်ဆုံးသရုပ်ဆောင်ကိုပြောပါဆိုရင် ကျွန်တော်က ကျော်ထက်အောင်ကိုပဲ ပြောမှာပါ။
ဟုတ်တယ်။ ဇာတ်ကောင်ကာရိုက်တာနဲ့ လိုက်ဖက်အောင် သူ မိတ်ကပ်တွေလည်း လိမ်းမထားဘူး။
သဘာဝအတိုင်း ၊ အရှိကိုအရှိအတိုင်း လက်တွေ့နဲ့ထပ်တူကျအောင် ပြင်ဆင်ဝတ်စားသွားတယ်။
လှအောင်လည်း မဝတ်ဘူး ၊ လှအောင်လည်းမနေဘူး ၊ လှအောင်လည်း မလိမ်းထားဘူး။
( သတ္တိဆိုတာ မွေးကတည်းက ဘယ်သူမှပါမလာပါဘူးဟာ ) ဆိုပြီး သူချစ်တဲ့လူတွေအတွက်
ကိုယ့်ကိုကိုယ်ပြောင်းလည်းပေးခဲ့တဲ့ ကောင်လေးက သူ့ရဲ့ဆန္ဒတွေကို သူများတွေစိတ်ချမ်းသာဖို့ဆိုရင် အမြဲချိုးနှိမ်တတ်တာရယ်။
အဲ့ဒီစိတ်ကလေးတွေကြောင့် သူ့ခံစားချက်တွေကို သူမြိုသိပ်တယ် ၊ ဖုံးဖိတယ် ၊ ဒါပေမယ့် ဒါရိုက်တာက အဲ့ဒါကို ကြည့်နေတဲ့သူတွေ ခံစားရအောင်ကို လုပ်နိုင်လွန်းတယ်။
သူ့ရဲ့စိတ်တွေကို ချိုးနှိမ်လိုက်တာတွေကိုလည်း ထိထိမိမိပြတယ် ၊ ဖုံးဖိလိုက်တာကိုလည်းပြတယ် ။
အလိုက်သိလွန်းလှတဲ့သူ့ကိုပြပြီး ပေးဆပ်လွန်းတဲ့သူ့ကိုလည်းခပ်ပါးပါး ဒါရိုက်တာက ပြတာပါပဲ။
ဒါပေမယ့် ဒီကောင့်နှလုံးသားထဲထိကို ဒဲ့ထိတယ်။
ကိုယ်တန်ဖိုးထားတဲ့ မိန်းကလေးကို တစ်နယ်တစ်ကျေးကိုမလိုက်စေချင်ဘူး ၊ မျက်နှာလေးက ငယ်ပြီး ညှိုးနေရှာတာ ၊ ပြီးတော့ တစ်ဖက်သားရဲ့စကားကိုကြားပြန်တော့လည်း အားရပါးရပြုံးသွားလိုက်တာ ကလေးလေးကျလို့။
ဒီဇာတ်ကားမှာ ကျော်ထက်အောင်ကို ကျွန်တော် သရုပ်ဆောင်တစ်ယောက်လို့ သတ်မှတ်လိုက်တယ်။
အိုက်တင်ကောင်းလွန်းတယ်လို့ နာမည်ကြီးတဲ့ ကိုးရီးယားအက်တာနဲ့ ယှဉ်လုပ်တာတောင်မှ သူ့အိုက်တင်
တွေက လျော့မနေဘူး ။ မြန်မာတွေလည်း တန်းတူလုပ်နိုင်ပါလားဆိုတာ မြင်ရတွေ့ရတော့ ကျေနပ်မိပါတယ်။
ဒီဇာတ်ကားမှာ အိုက်တင်အေးအေး ၊ စကားလုံးအေးအေးလေးတွေနဲ့ နီကိုးလပ်ထန်ကို ကျွန်တော်သဘောကျပါတယ်။

# ဝတ်မှုန်ရွှေရည်
၂၀၁၉ မှာ ဇာတ်လမ်းရွေးချယ်မှုအကောင်းဆုံး မင်းသမီးလို့ပဲ ကျွန်တော်ပြောချင်တယ်။
အရွယ်မရောက်သေးတဲ့မိန်းကလေးတိုင်း ကမ္ဘာပေါ်မှာ အကြောက်ရဆုံးကိစ္စတစ်ခုနဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီးတဲ့နောက်မှာ အကြောက်တရားတွေနဲ့ပဲ ဘဝတစ်သက်စာလုံးနေခဲ့ပြီးကာမှ ကိုယ့်ကိုနားလည်ပေးနိုင်လွန်းတဲ့လူကြောင့် ရုန်းထွက်ဖို့ကြိုးစားခဲ့တဲ့ နှင်းစက်ဆိုတဲ့ကောင်မလေး ….။
ဒီကောင်မလေးအဖြစ် ဝတ်မှုတ်ရွှေရည် ကောင်းကောင်းကို သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကိုယ့်ရဲ့ယုံကြည်မှုကိုရအောင် တဖြည်းဖြည်းချင်းယူနေတဲ့လူတစ်ယောက် ၊ ကိုယ်ကလည်း တဖြည်းဖြည်းချင်းယုံကြည်ချင်နေတဲ့လူတစ်ယောက် ၊ အဲ့ဒီလိုတဖြည်းဖြည်းချင်းဆိုတဲ့အကြောင်းအရာတွေမှာ မရွံ့မရဲလေးတွေနဲ့
ခြေလှမ်းလေးတွေ နောက်ဆုတ်သွားလိုက် ၊ ကိုယ်ကလေးကို နည်းနည်းယုံ့လိုက်နဲ့
သေချာတယ် ၂၀၁၉ မှာ ကောင်းမွန်ပြီး ကြည့်ရတာအဆင်ပြေတဲ့ဇာတ်ကားကောင်းတွေထဲမှာ ဝတ်မှုန်ရွှေရည်ရဲ့ဇာတ်ကားတွေ ထိထိမိမိ ပါတယ်။

ဘဝမှာ ကိုယ့်ကို အကြောက်တရားတွေထဲကနေ ဆွဲထုတ်ပေးတဲ့လူနဲ့ ပြန်တွေ့ဖို့ကြိုးစားချင်တဲ့ ကောင်မလေး ၊ တွေ့ပြန်တော့လည်း ကိုယ်မထင်ထားတဲ့ပုံစံ…။
လောကကြီးက အကွေ့အကောက်တွေများလိုက်တာ …။ အနိမ့်အမြင့် အတက်တွေကလည်း ခပ်ကြမ်းကြမ်းပါပဲ…။
ဇာတ်လမ်းနဲ့ဇာတ်ညွှန်းအတိုင်း သူမ ကောင်းကောင်း လိုက်ပါစီးမျောနိုင်ခဲ့တယ်လို့ပဲမြင်မိပါတယ်။
ဂုဏ်ယူပါတယ်…။
နိဂုံးချုပ်သုံးသပ်ရမယ်ဆိုရင် ယောက်ျားနှစ်ယောက်နဲ့ တစ်ယောက်တစ်မျိုးစီ ပေးဆပ်ပြီးချစ်ကြတဲ့အချစ် ၊အနစ်နာခံတဲ့အချစ်တွေကို ထိထိမိမိပြထားသလို ၊ ဘဝမှာ ဆိုးဆိုးရွားရွားအဖြစ်နဲ့ကြုံခဲ့ရတဲ့ကလေးတစ်ယောက်အနေနဲ့ ဘယ်လောက်အထိတောင် သူ့ဘဝတစ်လျှောက်လုံးအပေါ် ဒီအဖြစ်အပျက်က လွှမ်းမိုးသွားခဲ့ရတယ်ဆိုတာကိုလည်းပြတယ်။
ကိုယ့်ဘဝမှ ဆိုးနေပြီထင်နေတဲ့လူတွေအတွက် ကိုယ့်ထက်ဆိုးနေတဲ့ အမျိုးမျိုးအဖုံဘဝတွေ ရှိတာမှ ဒုနဲ့ဒေး ဆိုတာကိုလည်း ခပ်ပါးပါးလေးပဲ ပြထားတယ်။
ဒီနေရာမှာ ယောက်ျားနှစ်ယောက်ရဲ့အချစ်ကို ကျော်ထက်အောင်က လက်ဆွဲနှုတ်ဆက်လိုက်တော့တစ်ဖက်က လက်စွဲနှုတ်ဆက်တာရယ် ၊ နောက်တစ်ဖက်က ကိုယ့်ကိုကိုယ်မကျေနပ်တာရော ၊ အားတင်းတာရော
ရောပြွမ်းပြီး လက်သီးဆုပ်ထားတဲ့ ကျော်ထက်အောင်ရဲ့ အခြေအနေကိုလည်း ဒါရိုက်တာက သေချာလေးကို ပြထားပါတယ်။
တကယ်ဆို ဒီဇာတ်ကားက ရှည်တာလည်းမပြောပါနဲ့ အနုပညာအရ ပစ်ရက်စရာအခန်းဆိုလို့ ရှိကိုမရှိပါဘူး ။
အခန်းတိုင်းက ခံစားလို့ကောင်းနေတော့လေ…။
အနုပညာအရခံစားစီးမျောတာမျိုးမဟုတ်ပဲ ဖျော်ဖြေရေးအနေနဲ့ကြည့်တဲ့ လူတစ်ချို့ရဲ့အသံတွေကလည်း ဘေးကနေ ညည်းနေကြတာ ကြားနေရပါတယ်။
ဇာတ်ကားကြီးက ပြီးသင့်နေပြီကို ပြီးကိုမပြီးနိုင်ဘူးဆိုတာမျိုးတွေ ၊ မပြီးသေးဘူးလား ဆိုတာမျိုးတွေ ။
အဲ့ဒီလိုတွေကြားနေရတယ်။
တစ်ခါတစ်လေကျပြန်တော့လည်း သူတို့တွေညည်းနေတာ ဟုတ်တော့ ဟုတ်သားလို့တွေးမိတယ်။
တကယ်တော့လည်း အဖြစ်အပျက်တွေကလည်း ပြစရာက များလွန်းနေတာကိုး…။
များလွန်းလို့ ကစ်ကစ်တောင် အခန်းတစ်ခန်းထဲမှာ အကြာကြီးထိုင်ငိုနေရတာ ။ ပရိသတ်ငြီးငွေ့မှာစိုးလို့ထင်ပါတယ်။ မင်းသမီးခမျာလည်း ငိုတာကိုတောင် အမျိုးမျိုးလေး Tempo လေးတွေတောင် တက်ပြီး ငိုပေးရှာပါတယ်။
သနားစျာ.... ။
တကယ်ဆို ဘုရားကျောင်းကနေ အပြင်မထွက်တဲ့ကောင်မလေးတစ်ယောက်အနေနဲ့ အင်္ဂလိပ်စကားကိုကောင်းကောင်းပြောတတ်တာကိုတော့ လက်ခံလို့ရပါတယ် ။ ဘုရားကျောင်းက သင်းအုပ်ဆရာတွေကလည်း သင်ပေးကြတာတွေရှိတယ်လေ။
ကိုးရီးယားစကားနဲ့ သီချင်းကို ပြေပြေပြစ်ပြစ်ဆိုပြီး အိမ်တွင်းပုန်းလေးက ကိုးရီးယား ၊ အင်္ဂလိပ် ၊ မြန်မာသုံးဘာသားလုံးကိုပြောသွားတာကတော့ စိတ်ထဲတော့ ကြည့်ရတာတစ်မျိုးပဲ…။
တကယ်ဆိုရင်ဇာတ်ကားနာမည်က တိမ်တွေပေါ်ကပန်း ဆိုလို့ ချင်းတောင်ပေါ်က ပန်းလှလှလေးတွေလည်းကြည့်ရလိမ့်မယ်လို့ထင်ထားခဲ့တာ ။ တကယ်တော့ ဒီဇာတ်ကားမှာပြချင်တဲ့ပန်းဆိုတာက အပွင့်ပန်းလေးတွေမဟုတ်ခဲ့ဘူး။
အချိန်အခါသင့်တိုက်ဆိုင်တယ်ပဲပြောရမလားပဲ Myanmar Idol ကနေတဆင့် ချင်းတောင်က အနုပညာပန်းလေးတွေကလည်း နိုင်ငံအနှံ့ကို ပွင့်နေခဲ့တာ ဖွေးဖွေးကိုလှှုပ်လို့ပါပဲ…။
ကျွန်တော်သူတို့ကိုလည်း ချစ်ပါတယ်…။
ပြီးတော့ ဒီဇာတ်ကားလေးကိုလည်း ချစ်တယ်….။
လေးစားစွာဖြင့်
#MyanmarFilmReview
#Myanmar_Films_Lovers 

တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားသုံးသပ်ချက် ( Unicode )

ထုတ်လုပ်ရေး - Big5 Film Production
ဇာတ်လမ်း၊ ဇာတ်ညွှန်း - မိုးနီလွင်
ဒါရိုက်တာ - စင်ယော်မောင်မောင်

#ထုတ်လုပ်ရေး - သိပ်ကိုချစ်စရာကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ ။ မတူညီတဲ့နေရာဒေသတွေ ၊
နိုင်ငံခြားထိလည်း သွားရောက်ရိုက်ကူးထားတာတွေ့ရသလို ကိုယ့်တိုင်းပြည်က လူမျိုးတစ်မျိုး ၊ ဒေသတစ်ခုရဲ့ယဉ်ကျေးမှုလေးတွေကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ သေသေသပ်သပ် ငွေကုန်ကြေးကျ တော်တော်လေးခံပြီး ထုတ်လုပ်ထားတယ်ဆိုတာ ဇာတ်ကားကိုကြည့်ရတာနဲ့ သိသာပါတယ်။
တကယ်ကို အရည်အသွေးကောင်းပြီး အဆင့်မှီတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုထုတ်လုပ်ခဲ့တာပါပဲ။

#ဇာတ်လမ်း ၊ ဇာတ်ညွှန်း -
၂၀၁၉ ရဲ့ မိုးနီလွင်ရဲ့လက်ရာတွေထဲမှာ ဒဏ္ဍာရီမိုးနဲ့ ဒီ တိမ်တွေပေါ်ကပန်းကိုအကြိုက်ဆုံးပါပဲ။
ဒဏ္ဍာရီမိုးတုန်းကလည်း ကျွန်တော် ၂၁ ရာစုရဲ့ ဒဿ လို့ တပ်နာမည်တပ်ခဲ့မိသလို အခု ဒီ တိမ်တွေပေါ်က ပန်း ဇာတ်ကားကိုလည်း ဇရက်တောင်ပန်ကျိုးတို့ရဲ့ ပုံပြင်လို့နာမည်တပ်ချင်တယ်။
ဟုတ်တယ်။ ဒီဇာတ်ကားက ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်းပံကျိုးတို့တွေ့ကြတာမဟုတ်ဘူး။
ဇရက်တောင်ပံကျိုးတွေချင်း တွေ့ကြပြီး အချင်းချင်းကူညီဖေးမကြ ၊ မပျံနိုင်တဲ့တစ်ယောက်ကို နည်းနည်းပျံနိုငိင်သေးတဲ့တစ်ကောင်က ဖေးမပျံသန်းပေးရင်း ဟိုးအမြင့်ဆုံးအောင်ထိ ရောက်အောင် ပျံဖို့ တစ်ယောက်ကိုတစ်ယောက် ပင့်တင်ကြိုးစားကြတာ။
ဒီဇာတ်ကားမှာ မတူညီတဲ့ ဘာသာစကားတွေကိုလည်း ချစ်စရာကောင်းအောင်သုံးနှုန်းပြီး ပြထားသလို ၊ ဘာသာရေးတရားတွေကိုလည်း အခြားဘာသာဝင်တွေကချစ်အောင်ထိ ဖော်ညွှန်းပြထားပါတယ်။
ပြီးတော့ ဒေသတစ်ခုရဲ့ အစားအစာ ၊ အက ၊ ယဉ်ကျေးမှုနဲ့ ဝတ်စားဆင်ယင်မှုလေးတွေကအစ ချစ်စရာကောင်းအောင် ပြည့်ပြည့်စုံစုံကိုဖော်ညွှန်းထားတာမို့ ကျွန်တော် ဒီဇာတ်လမ်းလေးကို ချစ်ပါတယ်။

#အသံဖမ်းနဲ့ နောက်ခံတေးဂီတ -
ဦးစင်ယော်ရဲ့ အရင်လက်ရာတွေမှာ အသံပိုင်းဆိုင်ရာတွေကလည်းအသက်တစ်ခုလိုပါပဲ ။ ပြည့်ပြည့်စုံစုံရှိလွန်းလှပါတယ်။
ဒီဇာတ်ကားဟာလည်း ဒီလိုပါပဲ။ နောက်ခံအသံကိုထည့်တဲ့နေရာမှာ ဟင်းချက်တဲ့ထင်းမီးဖိုက
ထင်းပေါက်တဲ့အသံဖြိုးဖြိုးဖျောက်ဖျောက်လေးတွေကအစ ၊ ကြက်သံလေးတွေကအဆုံး သေချာကိုထည့်ထားသလို ၊ သီချင်းဆိုတဲ့အခါမှာလည်း ပီပီသသ ကြည်ကြည်လင်လင်နဲ့ စိတ်ချမ်းသာစရာကောင်းလွန်းအောင်ကိုနားထောင်ရပါတယ်။
မတူညီတဲ့ဘာသာစကားတွေ ၊ ပြီးတော့ မြန်မာစကားတွေဟာ ဆူူညံပွက်လောရိုက်နေတာတွေ ၊ နွိုက်သံတွေ ဘာဆိုဘာမှမကြားရပဲ ကြည်ကြည်လင်လင်ရှိလွန်းလှသလို။
ဂီတကို အခြေခံထားတဲ့ဇာတ်ကားမို့ နောက်ခံတေးဂီတကလည်း ဓိရာမိုရ်ရဲ့ လက်ရာအတိုင်း ပညာရှင်ပီသလွန်းပါတယ်။
Final Song ကိုဆိုတဲ့အခါမှာ ကျွန်တော် မျက်စိနဲ့ အရသာမခံတော့ဘူး ။ မျက်လုံးကိုမှိတ်ပြီး နားနဲ့ပဲ
နားထောင်ခံစားလိုက်ပါတယ်။
ဒီလိုပဲ ဂီတကိုအခြေခံထားတဲ့ နိုင်ငံခြားကားတစ်ကား Secrect Super Star တုန်းကလည်း မင်းသမီးဆိုတဲ့ သီချင်းကြောင့် ကြက်သီးထတဲ့အထိ ကြိုက်ရပါတယ်။
ဒီဇာတ်ကားရဲ့သီချင်းတွေကတော့ အဲ့ဒီလို သီချင်းပုံစံမျိုးတွေမဟုတ်ဘူး ။ တစ်မျိုးစီ နားထောင်ရတာအရသာရှိလွန်းလှသလို ဆိုတဲ့အဆိုတော် နေနေရဲ့အသံကလည်း တော်တော်လေးကို နားထောင်ရတာ ကောင်းလွန်းပါတယ်။
ဒီဇာတ်ကားရဲ့ နောက်ခံတေးဂီတကိုရော ၊ အသံဖမ်းတာတွေရော ကျွန်တော်ကတော့ ကြိုက်တယ်ဆိုတာထက်ပိုပါတယ်။

#ဒါရိုက်တာ - ပြည့်စုံကောင်းမွန်တဲ့ရုပ်ရှင်တစ်ကားကိုရိုက်ဖို့ဆိုတာ ရုပ်ထွက်လှအောင်ရိုက်တတ်ရုံနဲ့တင်မရပါဘူး။ ဇာတ်လမ်းမှာဖော်ပြထားတဲ့ ဗဟုသုတအကြောင်းအရာတွေကိုလည်း ကိုယ့်မှာရှိတဲ့ဝမ်းစာတွေနဲ့ပိုပြီး ပြည့်အောင်ထပ်မံဖန်တီးနိုင်ရမှာလည်း အရေးကြီးတဲ့အချက်ပါပဲ။
ဦးစင်ယော်က သိပ်ကိုဝမ်းစာပြည့်တဲ့လူတစ်ယောက်ပါပဲ။
ချင်းပြည်နယ်ကို သွားရိုက်တဲ့အခါမှာ ချင်းပြည်နယ်ရဲ့အလှအပတွေ ၊ ရိုးရာယဉ်ကျေးမှုတွေ ၊ အကတွေ ကို ပေါ်အောင် ၊ လှအောင်ရိုက်ပြနိုင်ခဲ့တယ်။
ဒီနှစ်ထဲမှာ Land mark အကောင်းဆုံး ရုပ်ရှင်ပါပဲ။
အက်တာတွေရဲ့ အဝတ်အစားအရောင်တွေ ၊ နောက်ခံအရောင်တွေ ကိုထား သိုပြီး ရိုက်သွားတာတွေဟာလည်း မျက်လုံးထဲမှာ အရောင်အသွေးစုံစုံနဲ့ပါပဲ။ ရေအိုးကိုကအစ လှအောင် သူကရိုက်တာ ။
ဇာတ်ဝင်ခန်းမှာ သုံးသွားတဲ့ Prop တွေကအစ သေသပ်ပြီး လှပပါတယ်။
မင်းသားနဲ့မင်းသမီး လက်ကိုင်ဖို့ ကမ်းတာတွေ ၊ ရင်းနှီးနေပြီလို့ထင်ကာမှ မင်းသားက ရှေ့ကိုနည်းနည်း ဖြည်းဖြည်းချင်းတိုးလိုက်တာနဲ့ မင်းသမီးက ကိုယ်လေးရွံ့သွားတာတွေ ဒါတွေကို လှလှပပ ရိုက်ပြနိုင်ခဲ့သလို ကျော်ထက်အောင် ( ထန်း ) ရဲ့ စိတ်နေစိတ်ထားနဲ့ မျက်နှာထားလေးတွေကို အက်တာက လုပ်တိုင်း မိအောင်ကိုလှလှပပ ရိုက်ကူးနိုင်ခဲ့တယ်။
ဝမ်းစာပြည့်လွန်းလှပါတယ်။ အရုပ်တွေရဲ့လှပမှု ၊ အသံတွေရဲ့ကောင်းမွန်မှုဟာ အရင်စင်ယော်လက်ရာတွေထက်ကို ပိုပြီး ပြည့်စုံတယ် ။ ကိုယ့်ကိုကိုယ် Upgrad ဖြစ်အောင်လုပ်တယ်ဆိုတာ သိသာပါတယ်။
ဘယ်အရာမှ ၊ အက်တာတွေရဲ့ သရုပ်ဆောင်မှုတွေကအစ အိုဗာဆိုတာတွေ မဖြစ်ခဲ့ပါဘူး။

မေသန်းနုက မေသန်းနုပါပဲ ။ ဒီနေရာမှာ ပါရတဲ့အခန်းက နည်းလွန်းပါတယ်။ အဲ့ဒီနည်းနည်းလေးကိုခပ်အေးအေး ငြိမ်ငြိမ်လေးတွေနဲ့ပဲလုပ်သွားတာ။ ကိုယ်မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံရပြန်တော့လည်း ဘုရားဆွဲကြိုးလေးကို ဆုပ်ကိုင်လိုက်ပြီး ဘုရားကို တလိုက်တာ ၊ ဘာဒိုင်ယာလော့ခ်မှ မပြောဘူး။
ဒီအတိုင်းရပ်နေရင်းနဲ့ကိုမှ အိုက်တင်ကို ထိထိမိမိလုပ်သွားတာပါပဲ။
#Ryu Sang Wook
တောင်ကိုးရီးယားရဲ့ ထိပ်တန်းသရုပ်ဆောင်ကောင်းတစ်ယောက်မို့ သူ့ရဲ့အိုက်တင်တွေကလည်း ဒီဇာတ်ကားမှာ ခပ်ပါးပါးလေးတွေနဲ့ပဲ လုပ်သွားပြီး ကြည့်နေတဲ့ပရိသတ်ကို တမြေ့မြေ့နဲ့ ခံစားရအောင်ကို လုပ်သွားခဲ့တာပါပဲ။
သူ့ကြောင့် စိတ်ကြည်နူးမှုလေးတွေဖြစ်ရတယ် ၊ ဒီလိုပဲ သူ့ကြောင့်ပဲ စိတ်မကောင်းမှုတွေ ၊ စိတ်မချမ်းမြေ့မှုလေးတွေဖြစ်ရပြန်တယ်။
တကယ်ကို သရုပ်ဆောင်ကောင်းတစ်ယောက်ပါပဲ။
# ကျော်ထက်အောင်
( နင်သီချင်ဆိုလိုက်တိုင်း ငါ တိမ်တွေပေါ်ကိုရောက်သွားတာပဲ .… ကောင်းကင်ပေါ်မှာ ငါတစ်ယောက်ထဲ.…)
ဒီဇာတ်ကားမှာ အကြိုက်ဆုံးသရုပ်ဆောင်ကိုပြောပါဆိုရင် ကျွန်တော်က ကျော်ထက်အောင်ကိုပဲ ပြောမှာပါ။
ဟုတ်တယ်။ ဇာတ်ကောင်ကာရိုက်တာနဲ့ လိုက်ဖက်အောင် သူ မိတ်ကပ်တွေလည်း လိမ်းမထားဘူး။
သဘာဝအတိုင်း ၊ အရှိကိုအရှိအတိုင်း လက်တွေ့နဲ့ထပ်တူကျအောင် ပြင်ဆင်ဝတ်စားသွားတယ်။
လှအောင်လည်း မဝတ်ဘူး ၊ လှအောင်လည်းမနေဘူး ၊ လှအောင်လည်း မလိမ်းထားဘူး။
( သတ္တိဆိုတာ မွေးကတည်းက ဘယ်သူမှပါမလာပါဘူးဟာ ) ဆိုပြီး သူချစ်တဲ့လူတွေအတွက်
ကိုယ့်ကိုကိုယ်ပြောင်းလည်းပေးခဲ့တဲ့ ကောင်လေးက သူ့ရဲ့ဆန္ဒတွေကို သူများတွေစိတ်ချမ်းသာဖို့ဆိုရင် အမြဲချိုးနှိမ်တတ်တာရယ်။
အဲ့ဒီစိတ်ကလေးတွေကြောင့် သူ့ခံစားချက်တွေကို သူမြိုသိပ်တယ် ၊ ဖုံးဖိတယ် ၊ ဒါပေမယ့် ဒါရိုက်တာက အဲ့ဒါကို ကြည့်နေတဲ့သူတွေ ခံစားရအောင်ကို လုပ်နိုင်လွန်းတယ်။
သူ့ရဲ့စိတ်တွေကို ချိုးနှိမ်လိုက်တာတွေကိုလည်း ထိထိမိမိပြတယ် ၊ ဖုံးဖိလိုက်တာကိုလည်းပြတယ် ။
အလိုက်သိလွန်းလှတဲ့သူ့ကိုပြပြီး ပေးဆပ်လွန်းတဲ့သူ့ကိုလည်းခပ်ပါးပါး ဒါရိုက်တာက ပြတာပါပဲ။
ဒါပေမယ့် ဒီကောင့်နှလုံးသားထဲထိကို ဒဲ့ထိတယ်။
ကိုယ်တန်ဖိုးထားတဲ့ မိန်းကလေးကို တစ်နယ်တစ်ကျေးကိုမလိုက်စေချင်ဘူး ၊ မျက်နှာလေးက ငယ်ပြီး ညှိုးနေရှာတာ ၊ ပြီးတော့ တစ်ဖက်သားရဲ့စကားကိုကြားပြန်တော့လည်း အားရပါးရပြုံးသွားလိုက်တာ ကလေးလေးကျလို့။
ဒီဇာတ်ကားမှာ ကျော်ထက်အောင်ကို ကျွန်တော် သရုပ်ဆောင်တစ်ယောက်လို့ သတ်မှတ်လိုက်တယ်။
အိုက်တင်ကောင်းလွန်းတယ်လို့ နာမည်ကြီးတဲ့ ကိုးရီးယားအက်တာနဲ့ ယှဉ်လုပ်တာတောင်မှ သူ့အိုက်တင်
တွေက လျော့မနေဘူး ။ မြန်မာတွေလည်း တန်းတူလုပ်နိုင်ပါလားဆိုတာ မြင်ရတွေ့ရတော့ ကျေနပ်မိပါတယ်။
ဒီဇာတ်ကားမှာ အိုက်တင်အေးအေး ၊ စကားလုံးအေးအေးလေးတွေနဲ့ နီကိုးလပ်ထန်ကို ကျွန်တော်သဘောကျပါတယ်။

# ဝတ်မှုန်ရွှေရည်
၂၀၁၉ မှာ ဇာတ်လမ်းရွေးချယ်မှုအကောင်းဆုံး မင်းသမီးလို့ပဲ ကျွန်တော်ပြောချင်တယ်။
အရွယ်မရောက်သေးတဲ့မိန်းကလေးတိုင်း ကမ္ဘာပေါ်မှာ အကြောက်ရဆုံးကိစ္စတစ်ခုနဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီးတဲ့နောက်မှာ အကြောက်တရားတွေနဲ့ပဲ ဘဝတစ်သက်စာလုံးနေခဲ့ပြီးကာမှ ကိုယ့်ကိုနားလည်ပေးနိုင်လွန်းတဲ့လူကြောင့် ရုန်းထွက်ဖို့ကြိုးစားခဲ့တဲ့ နှင်းစက်ဆိုတဲ့ကောင်မလေး ….။
ဒီကောင်မလေးအဖြစ် ဝတ်မှုတ်ရွှေရည် ကောင်းကောင်းကို သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကိုယ့်ရဲ့ယုံကြည်မှုကိုရအောင် တဖြည်းဖြည်းချင်းယူနေတဲ့လူတစ်ယောက် ၊ ကိုယ်ကလည်း တဖြည်းဖြည်းချင်းယုံကြည်ချင်နေတဲ့လူတစ်ယောက် ၊ အဲ့ဒီလိုတဖြည်းဖြည်းချင်းဆိုတဲ့အကြောင်းအရာတွေမှာ မရွံ့မရဲလေးတွေနဲ့
ခြေလှမ်းလေးတွေ နောက်ဆုတ်သွားလိုက် ၊ ကိုယ်ကလေးကို နည်းနည်းယုံ့လိုက်နဲ့
သေချာတယ် ၂၀၁၉ မှာ ကောင်းမွန်ပြီး ကြည့်ရတာအဆင်ပြေတဲ့ဇာတ်ကားကောင်းတွေထဲမှာ ဝတ်မှုန်ရွှေရည်ရဲ့ဇာတ်ကားတွေ ထိထိမိမိ ပါတယ်။
ဘဝမှာ ကိုယ့်ကို အကြောက်တရားတွေထဲကနေ ဆွဲထုတ်ပေးတဲ့လူနဲ့ ပြန်တွေ့ဖို့ကြိုးစားချင်တဲ့ ကောင်မလေး ၊ တွေ့ပြန်တော့လည်း ကိုယ်မထင်ထားတဲ့ပုံစံ…။
လောကကြီးက အကွေ့အကောက်တွေများလိုက်တာ …။ အနိမ့်အမြင့် အတက်တွေကလည်း ခပ်ကြမ်းကြမ်းပါပဲ…။
ဇာတ်လမ်းနဲ့ဇာတ်ညွှန်းအတိုင်း သူမ ကောင်းကောင်း လိုက်ပါစီးမျောနိုင်ခဲ့တယ်လို့ပဲမြင်မိပါတယ်။
ဂုဏ်ယူပါတယ်…။
နိဂုံးချုပ်သုံးသပ်ရမယ်ဆိုရင် ယောက်ျားနှစ်ယောက်နဲ့ တစ်ယောက်တစ်မျိုးစီ ပေးဆပ်ပြီးချစ်ကြတဲ့အချစ် ၊အနစ်နာခံတဲ့အချစ်တွေကို ထိထိမိမိပြထားသလို ၊ ဘဝမှာ ဆိုးဆိုးရွားရွားအဖြစ်နဲ့ကြုံခဲ့ရတဲ့ကလေးတစ်ယောက်အနေနဲ့ ဘယ်လောက်အထိတောင် သူ့ဘဝတစ်လျှောက်လုံးအပေါ် ဒီအဖြစ်အပျက်က လွှမ်းမိုးသွားခဲ့ရတယ်ဆိုတာကိုလည်းပြတယ်။
ကိုယ့်ဘဝမှ ဆိုးနေပြီထင်နေတဲ့လူတွေအတွက် ကိုယ့်ထက်ဆိုးနေတဲ့ အမျိုးမျိုးအဖုံဘဝတွေ ရှိတာမှ ဒုနဲ့ဒေး ဆိုတာကိုလည်း ခပ်ပါးပါးလေးပဲ ပြထားတယ်။
ဒီနေရာမှာ ယောက်ျားနှစ်ယောက်ရဲ့အချစ်ကို ကျော်ထက်အောင်က လက်ဆွဲနှုတ်ဆက်လိုက်တော့တစ်ဖက်က လက်စွဲနှုတ်ဆက်တာရယ် ၊ နောက်တစ်ဖက်က ကိုယ့်ကိုကိုယ်မကျေနပ်တာရော ၊ အားတင်းတာရော
ရောပြွမ်းပြီး လက်သီးဆုပ်ထားတဲ့ ကျော်ထက်အောင်ရဲ့ အခြေအနေကိုလည်း ဒါရိုက်တာက သေချာလေးကို ပြထားပါတယ်။
တကယ်ဆို ဒီဇာတ်ကားက ရှည်တာလည်းမပြောပါနဲ့ အနုပညာအရ ပစ်ရက်စရာအခန်းဆိုလို့ ရှိကိုမရှိပါဘူး ။
အခန်းတိုင်းက ခံစားလို့ကောင်းနေတော့လေ…။
အနုပညာအရခံစားစီးမျောတာမျိုးမဟုတ်ပဲ ဖျော်ဖြေရေးအနေနဲ့ကြည့်တဲ့ လူတစ်ချို့ရဲ့အသံတွေကလည်း ဘေးကနေ ညည်းနေကြတာ ကြားနေရပါတယ်။
ဇာတ်ကားကြီးက ပြီးသင့်နေပြီကို ပြီးကိုမပြီးနိုင်ဘူးဆိုတာမျိုးတွေ ၊ မပြီးသေးဘူးလား ဆိုတာမျိုးတွေ ။
အဲ့ဒီလိုတွေကြားနေရတယ်။
တစ်ခါတစ်လေကျပြန်တော့လည်း သူတို့တွေညည်းနေတာ ဟုတ်တော့ ဟုတ်သားလို့တွေးမိတယ်။
တကယ်တော့လည်း အဖြစ်အပျက်တွေကလည်း ပြစရာက များလွန်းနေတာကိုး…။
များလွန်းလို့ ကစ်ကစ်တောင် အခန်းတစ်ခန်းထဲမှာ အကြာကြီးထိုင်ငိုနေရတာ ။ ပရိသတ်ငြီးငွေ့မှာစိုးလို့ထင်ပါတယ်။ မင်းသမီးခမျာလည်း ငိုတာကိုတောင် အမျိုးမျိုးလေး Tempo လေးတွေတောင် တက်ပြီး ငိုပေးရှာပါတယ်။
သနားဈာ.... ။
တကယ်ဆို ဘုရားကျောင်းကနေ အပြင်မထွက်တဲ့ကောင်မလေးတစ်ယောက်အနေနဲ့ အင်္ဂလိပ်စကားကိုကောင်းကောင်းပြောတတ်တာကိုတော့ လက်ခံလို့ရပါတယ် ။ ဘုရားကျောင်းက သင်းအုပ်ဆရာတွေကလည်း သင်ပေးကြတာတွေရှိတယ်လေ။
ကိုးရီးယားစကားနဲ့ သီချင်းကို ပြေပြေပြစ်ပြစ်ဆိုပြီး အိမ်တွင်းပုန်းလေးက ကိုးရီးယား ၊ အင်္ဂလိပ် ၊ မြန်မာသုံးဘာသားလုံးကိုပြောသွားတာကတော့ စိတ်ထဲတော့ ကြည့်ရတာတစ်မျိုးပဲ…။
တကယ်ဆိုရင်ဇာတ်ကားနာမည်က တိမ်တွေပေါ်ကပန်း ဆိုလို့ ချင်းတောင်ပေါ်က ပန်းလှလှလေးတွေလည်းကြည့်ရလိမ့်မယ်လို့ထင်ထားခဲ့တာ ။ တကယ်တော့ ဒီဇာတ်ကားမှာပြချင်တဲ့ပန်းဆိုတာက အပွင့်ပန်းလေးတွေမဟုတ်ခဲ့ဘူး။
အချိန်အခါသင့်တိုက်ဆိုင်တယ်ပဲပြောရမလားပဲ Myanmar Idol ကနေတဆင့် ချင်းတောင်က အနုပညာပန်းလေးတွေကလည်း နိုင်ငံအနှံ့ကို ပွင့်နေခဲ့တာ ဖွေးဖွေးကိုလှှုပ်လို့ပါပဲ…။
ကျွန်တော်သူတို့ကိုလည်း ချစ်ပါတယ်…။
ပြီးတော့ ဒီဇာတ်ကားလေးကိုလည်း ချစ်တယ်….။
လေးစားစွာဖြင့်
Share on Google Plus

About မြန်မာ့ အကယ်ဒမီ ချစ်သူများ တွေ့ဆုံရာ

    Blogger Comment
    Facebook Comment